ကျွန်မတို့ ဘ၀မှာ မကြာခဏ ငြီးတွားခဲ့ကြဖူးပါသည်။ အခက်အခဲတစ်စုံတစ်ခု ကြုံလာရတိုင်း၊ ကျွန်မတို့ မကျော်လွှားနိုင်သော အတားအဆီးများ ပိတ်ပင်နေတိုင်း၊ အားမလိုအားမရ ငြီးတွားမိကြသည်။ စိတ်ထဲမှာ ခက်ခဲပင်ပန်းနေတာကို ဖွင့်ထုတ်ငြီးတွားလိုက်သဖြင့် ပေါ့ပါးသက်သာသလို ရှိသွားသော်လည်း တကယ်တမ်း ကျပ်တည်းနေတာကတော့ ပြေပျောက်သွားပါရဲ့လား။ လူတိုင်းမှာ အခက်အခဲများရှိနေကြတာကို ထူးခြားပြီး မပြီးမစီးငြီးတွားနေသူကို ဘယ်သူကသနားပါသလဲ။ ဘာအကျိုးမှမရလိုက်ဘဲ ကျွန်မတို့သာ အချိန်တွေ ကုန်သွားရသည်။
ကျွန်မတို့ ငြီးတွားသင့်ပါရဲ့လား။
တစ်စုံတစ်ခုကိုအလိုမကျတိုင်း ငြီးတွားနေမယ့်အစား အလိုကျလာမယ့်အခြားတစ်ခုခုကို အစားထိုးပြုလုပ်လိုက်တာက ပိုကောင်းမယ်ထင်ပါတယ်။ မကျေနပ်တဲ့အငုံ့စိတ်ကို ခဏလမ်းလွှဲလိုက်တာမျိုးပေါ့။ ဒါပေမယ့် အဲဒိအငုံ့စိတ်ကို အဲဒိအတိုင်းထားပြန်ရင်လည်း မကျေနပ်မှုအဆောက် အဦက ပိုကြီးလာမှာဖြစ်လို့ လိုချင်တာကိုလည်း ပြန်ကြိုးစားကြရမှာပါ။ ဘယ်လိုပဲပြောပြော ကျွန်မတို့ လိုချင်တာတွေရအောင် ကြိုးစားတဲ့အခါမှာ မလိုအပ်ဘဲအချိန်မကုန်ရဖို့ ငြီးတွားတဲ့အကျင့်ကို လျော့သင့်တယ်လို့ မြင်မိပါတယ်။ ။
(Messy)
Tom နှင့် Messy ၏ ရဲတိုက်ငယ်ငယ်..
- The Castle
- ပုဂ္ဂလမှ လွတ်လပ်လင်းပွင့်သော အဖွဲ့အစည်းဆီသို့ ..
Monday, March 2, 2009
အချိန်တွေ မကုန်ရဖို့
Subscribe to:
Post Comments (Atom)
အင်း...ဖတ်ပြီးလက်ခံချင်စရာ ကောင်းမှန်းတော့သိပါတယ်။
ReplyDeleteဒါမယ့် အမူအကျင့်အတစ်ခုဆိုတာကလဲ ဖျောက်ဖို့ခက်သားလားကွယ်..
ဆေးကောင်း၊နည်းကောင်းလေးရှိရင်လက်တို့စမ်းပါ..။
Mirror
ပျော်ပျော်နေလဲ ၂၄ နာရီ
ReplyDeleteစိတ်ညစ်လဲ ၂၄ နာရီ
ကိုယ်ကတော့ ပျော်ပျော်ပဲ
အဲတာ ကိုယ့်ဆောင်ပုဒ်
လည်လည်ပြန်လာတယ်
ဟုတ်ပါ့ လိုက်နာနိုင်ရင်တော့ ကောင်းတာပေါ့။း)
ReplyDelete