Tom နှင့် Messy ၏ ရဲတိုက်ငယ်ငယ်..

ပုဂ္ဂလမှ လွတ်လပ်လင်းပွင့်သော အဖွဲ့အစည်းဆီသို့ ..

Thursday, June 18, 2009

ကိုက်လမ်း

ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ
ယုန်ကလေးပါ။

နေ့စဉ် နေ့စဉ်
ငါ့ဝပ်ကျင်းကလေးကနေ ငါ
အစာရှာထွက်တိုင်း
သစ်ပင် မြက်ပင်ငယ်လေးတွေကို
ကိုက်ကိုက်ပြီး
ငါထွက်လာခဲ့မြဲ

ခု
လူနဲ့ ခွေးများတောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း
ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို
ယူသွားကြပေါ့

မောင်ချောနွယ်

1 comment:

  1. အင်း ဒီမှာတော့ ဗီဇစိတ်နဲ့ စောင့်ထိန်းခဲ့တာလေးက ကိုယ့်အသက်ကို ရန်ရှာစေခဲ့ပေါ့ ... ၀မ်းနည်းတယ်ဗျာ

    ReplyDelete